Monday, November 6, 2017

အစာအိမ်ရောင်ရောဂါ(gastritis)

Posted by AST on 9:40 PM with No comments

အစာအိမ်ရောင်ရောဂါ(gastritis)
...............................................
အဖြစ်များသော ရောဂါတစ်မျိုး ဖြစ်ပါသည်။
@ရောဂါ လက္ခဏာများ
၁)အစာအိမ်ရောင်
၂)အူသိမ်ဦးပိုင်းရောင်
၃)အစာရေမြိုပြွန်ရောင်ဟူ၍ သုံးမျိုးခွဲခြားတင်ပြပါမည်။
ရောဂါလက္ခဏာများ မရှင်းပြမီ အစာရေမြိုပြွန်၊အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့၏ ဇီဝကမ္မဖြစ်စဉ်အား ဦးစွာရှင်းပြပါမည်။
အစာလမ်းကြောင်း တည်ဆောက်ပုံသည် လွန်စွာထူးခြားပါသည်။သွားနှင့်ခံတွင်း ထိုမှ အစာရေမြိုပြွန် ထိုမှ အစာအိမ် ထိုမှ အူသိမ်ဦးပိုင်း ထိုမှ အူသိမ် ထိုမှ အူမကြီး ထိုမှ အစာဟောင်းအိမ် ထိုမှ မစင်ထွက်ရာဖင်ပေါက်ဟူ၍ တဆက်စပ်တည်း ရှိကြပါသည်။လုပ်ငန်းဆောင်ရွက်ပုံခြင်းတော့ ကွာပါသည်။
၁)အစာအိမ်ရောင်ခြင်း
အစာအိမ်၏ဆောင်ရွက်ပုံအချို့အား ဤအပိုင်းတွင် ရှင်းပြပါမည်။အစာအိမ်သည် သွားနှင့်ခံတွင်းမှကြိတ်ဝါးပြီးအစာများကို ပိုမိုကြေညက်စေရန် ကြိတ်ခြေပါသည်။ထိုဖြစ်စဉ်တွင် အစာခြေရည် အက်စစ်များကို အစာအိမ်နံရံဆဲလ်များမှ စစ်ထုတ်ပေးကာ ကူညီကြပါသည်။အက်စစ်ထုတ်သော အစာအိမ်သည် အက်စစ်ဒါဏ်ခံနိုင်အောင် ဖန်တီးပြုပြင်ထားပါသည်။စစ်ထုတ်လိုက်သော အက်စစ်ဓာတ်ကို အစာအိမ်နံရံများအား မစားလောင်စေရန် နံရံအားအချွဲလွှာဖြင့် ဖုံးအုပ်ထားပါသည်။အစာခြေရည်အက်စစ်သည် ထိုအချွဲလွှာအား တော်ရုံဖြင့် မဖောက်နိုင်ပါ။အကယ်၍ဖောက်ဝင်လာပါကလည်း ထိုအက်စစ်ကို အားဖျော့ပေးရန် အယ်ကာလီများအား ထိုအချွဲလွှာအတွင်း ထိန်းချုပ်ထားကြပါသည်။
ရှေးအခါက ဆေးပညာတွင် အစာအိမ်ရောင်ခြင်းသည် အစာခြေရည် အက်စစ်ကြောင့်ဟုယူဆကာ #အက်စစ်မရှိလျှင်အစာအိမ်မရောင်နိုင်# ဟုကြွေးကြော်ကာ အစာအိမ်ရောင်ကုသရာတွင် အက်စစ်လျော့ချသည့် ကုထုံးကိုသာ အသားပေးခဲ့ကြသည်။
အထက်တွင် ပြောခဲ့သည့်အတိုင်း အက်စစ်သည် အစာအိမ်အချွဲလွှာအား ထိုးဖောက်၍ အစာအိမ်ရောင်ရောဂါဖြစ်စေရန်မှာ အင်မတန်ခက်ခဲပါသည်။သို့ဆိုလျှင် #အက်ဆစ်မရှိလျှင်အစာအိမ်မရောင်နိုင်$ဟူသည့်အယူအဆမှာ လုံလောက်စွာ မမှန်ကန်တော့ပါ။
အဓိကအချက်မှာ အစာအိမ်နံရံအား အစာခြေရည်အက်စစ်များ ဝင်ရောက်ထိတွေ့နိုင်ရန် အစာအိမ်အချွဲလွှာအား ဖောက်ကူပေးမည့် အကူအညီလိုအပ်ပါသည်။ထိုအကူအညီမှာ H-pylori ဆိုသည့် ဘက်တီးရီးယားပိုးဖြစ်ပါသည်။ထိုပိုးသည် အချွဲလွှာအား ဖောက်ပေးသည်။ထိုအပေါက်မှ အက်စစ်ဝင်ကာ အစာအိမ်ရောင်ပါတော့သည်။ထိုH-pylori ပိုးသည် စနစ်တကျ မကုသပါ အစာအိမ်ရောင် ထိုမှ နာတာရှည်အစာအိမ်ရောင်၊အစာအိမ်အနာ ထိုမှ အစာအိမ်ပြန်ရည်အကျိတ် ထိုမှ အစာအိမ်ကင်ဆာ ဖြစ်စေ ပေလိမ့်မည်။
ထို့အပြင် ဖော်ပြပါအချွဲလွှာအား သန်ကောင်များကြောင့်လည်းပေါက်ပြဲကာ အစာအိမ်ရောင်နိုင်ပါသေးသည်။
ကွမ်းစားတတ်သူများ အစာအိမ်အနာများစွာဖြစ်တတ်
၂)အူသိမ်ဦးပိုင်းရောင်ခြင်း
အစာအိမ်နှင့်အူသိမ်ဦးပိုင်းသည် တဆက်စပ်တည်းဖြစ်သည်။အစာအိမ်မှထွက်လာသော အစာပျော့ဖတ်များ၊အစာခြေရည်အက်စစ်များနှင့် သရက်ရွက်နှင့်သည်းခြေအိတ်မှထွက်သော အစာခြေရည်များသည် အူသိမ်ဦးပိုင်းသို့ ဝင်ရောက်ကာ စားလောင်စေသည်။H-pylori သည် ထိုအထိလိုက်လံ နှောက်ယှတ်ပါတော့သည်။ထိုသောအခါ ရောင်ယမ်းအနာ ဖြစ်ပါလေတော့သည်။
၃)အစာရေမြိုပြွန်ရောင်ခြင်း
သွားနှင့်ခံတွင်းပြီးလျှင် အစာရေမြိုပြွန်၏ အဝင်ဝသို့ရောက်ပါသည်။ခန့်မှန်းခြေ ၂၅ စင်တီမီတာရှည်ကာ အထွက်တွင် အစာအိမ်နှင့် သွားဆက်ပါသည်။အစာရေမြိုပြွန်၏ အဝင်ဝနှင့် အထွက်ဝများတွင် ချုံ့ချဲ့နိုင်သော မျှော့ပြားများဖြင့် ပိတ်ထားပါသည်။ရည်ရွယ်ချက်မှာ ခံတွင်းမှ အစာချေရည်နှင့် အထူးသဖြင့် အစာအိမ်မှအစာချေရည်များ မလိုအပ်ဘဲ မဝင်ရောက်နိုင်ရန်ဖြစ်ပါသည်။မျှော့ပြာများလျော့နည်းသည့်အခြေအနေများတွင် အစာအိမ်အစာချေရည်များသည် အစာရေမြိုအတွင်းဝင်ရောက်ကာ အပူလောင်ပါတော့သည်။
@ရောဂါလက္ခဏာများ
၁)အစာအိမ်ရောင်ခြင်း
အစာမကြေ၊ရင်ခေါင်းအောင့်၊ဗိုက်တင်း၊ပျို့အန်၊အစာစားပါက ဗိုက်ပိုတင်း၊အစာစားရင်ဗိုက်တင်းတော့ မစားပဲနေရင်း ပိန်လာ၊နောက်ကျောအောင့်
-အနာဖြစ်လာပါက သွေးအန်
-အစာအိမ်ပေါက်ပါက ဝမ်းမသွား၊လေမလည်၊ဗိုက်ဖောင်း၊အဖျားတက်၊သွေးပေါင်ကျ၊ဆီးနည်း
၂)အူသိမ်ဦးပိုင်းရောင်
အထက်ပါလက္ခဏာများနှင့် ခပ်ဆင်ဆင်
-အထက်ပါလောက် မအန်
-အစာစား အအောင့်သက်သာ၍ ဝလာနိုင်
၃)အစာရေမြိုပြွန်ရောင်
-ရင်ခေါင်းအောင့်၊ရင်ဘတ်အောင့်၊ရင်ပူ၊မော၊ရင်တုန်
နည်းမျိုးစုံခံစားရ၍ အခြားရောဂါများနှင့်လွဲနိုင်
@လူနေမှုပုံစံဖြင့် ကာကွယ်
အစာမှန်မှန်စား
ဆေးလိပ်၊ကွမ်း၊အရက်၊နွာနို့နှင့်နို့ထွက်ပစ္စည်း၊အပူအစပ်၊လက်တည်ချဉ်၊အစာမာမစားရ
(တစ်မျိုးပဲပြောဆိုရင် နို့နှင့်နို့ထွက်ပစ္စည်း မတည့်)
အစာစားပြီး ၂ နာရီအတွင်း လှဲမအိပ်ရ၊ပက်လက်ကုလားထိုင်ဖြင့်မထိုင်ရ
@မကြာမကြာပြန်ဖြစ်နေပါက ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ပါ
ကျန်းမာကြပါစေ....


Posted via Blogaway

Related Posts:

0 comments:

Post a Comment